.
"လူမည်သည်ကားခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့ သည်ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့ သည် အသစ်ဖြစ်ကြပြီ။" (ကောရိ န္တုသြ၀ါဒစာ၊ဒုတိယစောင်၊ ၅း၁၇)
.
Showing posts with label Activities. Show all posts
Showing posts with label Activities. Show all posts
Thursday, October 20, 2011
ဆရာလတ်ရဲ့ "ဘော်ချီဘော" အနိုင်ဂိုး
အောက်တိုဘာလထဲမှာတော့ခါတိုင်းလိုဆုံနေကျ၊
ဘုရားကျောင်းမှာမဟုတ်ဘဲ၊အပြင်ထွက်အပမ်းဖြေ
အဲဒီနေ့ ကတော့၊အီတာလီယံအစားအသောက်များနဲ့ နေ့ လည်စာအတူ စားကြရင်း၊အသင်းတော်အကြောင်း၊ မိသားစုအကြောင်း၊ ဝေမျှပြောဆို ကြ၊ဆုတောင်းကြပါတယ်။ အတွေ့ အကြုံတွေဝေမျှရင်း၊ အတုယူစရာ၊ ခွန်အားယူစရာတွေလဲရရှိပါတယ်။ကျွန်တော် တို့ မြန်မာ အသင်း တော်  တွေ နဲ့ မတူညီတဲ့အရာတွေလဲရှိတာပေါ့။ ဆက်ကပ်ပြီး ဘုရားအမှုတော်မှာအား တက်သရောဆောင်ရွက်တာတော့၊ အတူတူ ဘဲပေါ့။ အဲဒီနေ့ ကထူးထူး ဆန်းဆန်းမကြားဘူးတဲ့၊ အီတလီကစားနည်း တခုကစားခဲ့ရတယ်။
BOCCE ဘော်ချီ-လို့ ခေါ်တယ်၊မကမားဘူးပေမဲ့၊နည်းပြကရှင်းပြလိုက်   
တော့၊ခဏလေးနဲ့ ကစားတတ်သွားတယ်။ ကျွန်တော်တို့ အဖွဲ့ က(၁၂)
ယောက်ဆိုတော့၊ (၃) ယောက်စီ၊ (၄) သင်းခွဲကစားကြတယ်။ ကြည့်ရ
ပျင်းဖို့ ကောင်းတယ်ထင်ခဲ့ပေမဲ့ကစားတော့အရမ်းပျော်ပြီး၊ သောကလေး
ပျောက်ကုန်တယ်။ကစားနည်းကတော့၊"ပလင်းနို" လို့ ခေါ်တဲ့၊ ငွေရောင်
ခဲဘောလေးကိုအရင်ပစ်လိုက်ပြီး၊ ပြိုင်တဲ့အဖွဲ့ များကတဦးစီ၊ မိမိတို့ ရွေး
ထားတဲ့အရောင်၊ဘောလုံးများနဲ့ ခုနကခဲဘောလေးဆီကို၊ ပစ်လိမ့်ရပါ တယ်။ပလင်းနိုနဲ့ အနီးဆုံးကိုလိမ့်နိုင်သူများက၊ ဘောတလုံးကိုတမှတ်ရ ပါတယ်။တကြိမ်မှာ၊ တဖွဲ့ ကိုဘော (၆)လုံးဆိုတော့၊ အများဆုံး (၆) မှတ်
ထိရနိုင်တာပေါ့။ (၁၅) မှတ်အရင်ပစ်နိုင်တဲ့အဖွဲ့ ကနိုင်ပါတယ်။
 အမှတ်တရလေးမို့ ကြွားလိုက်အုံးမယ်ခင်ဗျ၊ ပုံထဲမှာတွေ့ တယ်မဟုတ်
လါး၊ ကျွန်တော်ပစ်လိမ့်လိုက်တဲ့၊ အနီရောဘောလုံးဟာ၊ ပလင်းနို ဘော နဲ့ အနီးဆုံးကပ်သွားခဲ့ပြီး၊ တခြားတဖက်ကဘယ်သူမှ၊ မယှဉ်နိုင်တော့ဘဲ (၁၅) မှတ် (၁)မှတ်နဲ့ ကျွန်တော်တို့ အဖွဲ့ ကအပြတ်အသတ်နိုင်ခဲ့တယ်။
စိတ်ငြိမ်ဖို့ ၊လက်ဆမှန်ဖို့ ၊ အာရုံစိုက်ဖို့ ၊နဲ့ တည်ငြိမ်မှုတွေလိုတယ်ဆိုတာ ကစားရင်းသိခဲ့လို့ ၊ သင်ခန်းစာလဲရခဲ့ပါတယ်။ ငယ်ငယ်ကဒိုးပစ်တာ၊ သရေကွင်းပစ်တာများလို့ လက်ဆတွေကျန်သေးတာလဲဖြစ်နိုင်ပါတယ်။ စိတ်ဝင်စားရင်၊ သူတို့  website ထဲဝင်ကြည့်၊ လေ့လါကြည့်နိုင်ပါတယ်၊
http://www.campodibocce.com/LosGatos/index.html
အမှတ်တရ၊ အပျင်းလဲပြေ၊ ပညာလဲရစေဖို့ တင်လိုက်တာပါ။ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဆရာလတ်၊