.
"လူမည်သည်ကားခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့ သည်ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့ သည် အသစ်ဖြစ်ကြပြီ။" (ကောရိ န္တုသြ၀ါဒစာ၊ဒုတိယစောင်၊ ၅း၁၇)
.
"လူမည်သည်ကားခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့ သည်ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့ သည် အသစ်ဖြစ်ကြပြီ။" (ကောရိ န္တုသြ၀ါဒစာ၊ဒုတိယစောင်၊ ၅း၁၇)
.
Friday, December 16, 2011
သင်တို့ သည်ခရစ်တော်ကိုအဘယ်သို့ ထင်မှတ်ကြသနည်း
Tuesday, December 13, 2011
ခရစ်တော်အရှင်၊ဖွားမြင်တော်မူပြီ - ဆရာလတ်ယေရှဲ
Wednesday, December 7, 2011
Dr. Eh Wah "Three Responses to the Christ Child"
Friday, December 2, 2011
နောက်ဆုံးသောကာလ၏ခရစ္စမတ်သတင်းစကား - ဆရာလတ်ယေရှဲ
"ကြိုဆိုလောကသားများအတွက်၊မြတ်မင်္ဂလါ" - ဒေါင်းနော
Tuesday, November 29, 2011
Tuesday, November 22, 2011
Christmas ကိုဘာဖြစ်လို့  X'mas လို့ ရေးကြတာလဲ?
Christmas ကို X’mas လို့ ရေးကြတဲ့သူများရဲ့ အကြောင်းရင်းကိုလေ့လါတော့၊ အမျိုးမျိုးတွေ့ ရပါတယ်။ ”အတိုကောက်” ရေးတာပါတဲ့၊ တချို့ က ”ဂရိစာမှာ Christ ကို Xp နဲ့ စလို့ ” Christmas=X’mas, Christian=Xtian=Xtianity” လို့  သုံးကြတာပါတဲ့၊ အမျိုးမျိုးပါဘဲ။ ကျွန်တော်ကသချာင်္မေဂျာယူခဲ့တော့၊ X ကိုမြင်ရင် ”မသိကိန်း”ဘဲခေါင်းထဲဝင်လါပါတယ်။ မသိတဲ့ကိန်း၊ မသိတဲ့သူ၊ မသိချင်တဲ့အရာ၊ မသိစေချင်တဲ့ အရာတွေကို၊ ကြက်ခြေခတ် (X) လို့ ရေးကြတယ်မဟုတ်လါး။ ၁၉၇၇ ခုနှစ်က အမေရိကန်နိုင်ငံ၊ နယူးဟမ်းရှိုင်းယားက၊ မြို့ တော်ဝန် Meldrim Thomson ပြောတာက၊ X’mas လို့  ရေးတာဟာ၊ ခရစ် ယာန်မဟုတ်သူတွေရေးတဲ့ခရစ်စမတ်ပါ၊ တဲ့။ မိတ်ဆွေတော့မသိဘူး၊ကျွန်တော်ကလက်ခံတယ်။
Christmas မှာခရစ်တော်ကိုဖျောက်ပြီး၊မသိကိန်း (ကြက်ခြေခတ်) ကိုထည့်သုံးခြင်းဟာ၊ခရစ်ယာန်များသုံး သင့်တဲ့ အက္ခရာ မဟုတ်ပါဘူး၊ Franklin Graham ပြောတာက၊ ”ဒါဟာ၊ခရစ်တော်ရဲ့ နာမတော်နဲ့ ဆိုင်တဲ့ စစ်ပွဲကြီးဖြစ်တယ်၊ ခရစ်ယာန် များရဲ့ အမြင့်မြတ်ဆုံးသောပွဲတော်မှာ၊ မြင့်မြတ်တဲ့ခရစ်တော်ရဲ့ နာမတော် ကိုဖျောက်ဖျက် အစားထိုး ပြစ်တာဖြစ်တယ်”။ ခရစ်တော်ယေရှု ဘုရားရဲ့ နာမတော်ကို၊ ”ခရစ်စမတ်မှာရော၊ ခရစ်ယာန်”မှာပါနှုတ်ယူ၊ အစားထိုးလို့ မရနိုင်ပါဘူး၊ မယုံကြည် သူများကိုတောင် ”ကျေးဇူးပြုပြီးမသုံးပါနဲ့ ” လိုပြောရမဲ့အစား ကိုယ်တိုင်က၊ခုံခုံမင်မင်သုံး နေကြခြင်းဟာမသင့် တော်ဘူးလို့ ၊ ခံစားမိတာပါ။
အခုခေတ်မှာ၊ခရစ်တော်ကိုအစားထိုးဖျောက်ဖျက်ခြင်းနဲ့ ခရစ်ယာန်များကိုတိုက်ခိုက်နေတဲ့အချိန် ဖြစ်တယ်။ Merry Christmas ကို Happy Holidays လို့ သုံးရမယ်၊နိပါတ်တော်စဉ်ပန်းချီကားအရုပ်များလူမြင်ကွင်း မှာမထားရဘူးလို့ ၊တချို့  အလုပ်တွေမှာ၊ စတိုးဆိုင် ကြီးတွေမှာ၊တချို့ ရုံးတွေမှာသတ်မှတ် လါကြတယ်။ ခရစ်တော် ကြောင့် စတိုးဆိုင် များ ကောင်းကြီး အကြီးအကျယ် ခံစားရပေမဲ့၊ ခရစ်တော်ရဲ့ နာမတော် ကိုတော် ဖျောက်ဖျက်ချင်ကြတယ်။ ၀မ်းနည်းစရာပါ။ ခရစ်တော် ကြောင့်၊ အပြစ်လွတ်ခြင်း၊ ငရဲမှလွတ် ခြင်း၊ ဘုရားရှင်ရဲ့ အမျက်တော်မှ လွတ်ခြင်း၊ ဆိုတဲ့ကယ်တင် တော်မူခြင်း ကျေးဇူး တော်ကိုခံစား ရပြီးမှ၊ ခရစ်တော်ရဲ့ နာမတော် ကိုဖျောက်ဖျက် အစားထိုးတဲ့၊ အရေးအသား တော့မပြုသင့်ပါဘူး။ ကြက်ခြေခတ် (X)ဟာခရစ်တော် နေရာယူ လါတာတွေ၊ ဆန်တာကလော့၊ ကခရစ်စမတ်မှာ၊ ခရစ်တော် ဘုရားထက် အရေးကြီး နေရာဝင်လါတာတွေ၊ ခရစ်တော် မပါတဲ့ခရစ်စမတ် ပါတီတွေ၊ဟာပျော်ကြ ပေမဲ့အနှစ်သာရ မပြည့်ဝကြပါဘူး။ http://en.wikipedia.org/wiki/Xmas မှာလဲဒီအကြောင်း ရေးထားတာတွေ့ ရတယ်၊ ပိုသိချင်ရင် သွားဖတ်ကြည့်ပါ။
ကျွန်တော်ရဲ့ ခံစားချက်ကိုဝေမျှလိုက်တာပါ။ ခံစားချက်ချင်းမတူညီ ဘူးဆိုရင်လည်းကိစ္စမရှိပါဘူး၊ တူညီတယ် ဆိုရင်တော့၊ ကယ်တင်ရှင် ယေရှုသခင်ရဲ့ နာမတော်အတွက်မားမားမတ်မတ်ရပ်တည်ရင်း အတူတိုက်ပွဲဝင်ဖို့ ၊မေတ္တာရပ်ခံပါတယ်။
မေတ္တာများဖြင့်၊
ခရစ်တော်၏မြတ်သောနာမတော်မြတ်၌
လတ်ယေရှဲ (ဒီဇင်ဘာ၊၂၀၁၀)
(မနှစ်တုံးကတင်ခဲ့ဘူးသောခရစ္စမတ်ခံစားချက်လေးကိုပြန်လည်တင်ပြခြင်းဖြစ်ပါသည်)
Subscribe to:
Posts (Atom)
