.
"လူမည်သည်ကားခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့ သည်ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့ သည် အသစ်ဖြစ်ကြပြီ။" (ကောရိ န္တုသြ၀ါဒစာ၊ဒုတိယစောင်၊ ၅း၁၇)
.
Tuesday, November 22, 2011
Christmas ကိုဘာဖြစ်လို့  X'mas လို့ ရေးကြတာလဲ?
ခရစ်တော်ဘုရားရဲ့ မွေးနေ့ တော်အခါသမယမှာ၊ ၀မ်းမြောက်ပျော်ရွှင်ခြင်းများနဲ့ ၊ နှုတ်ခွန်း ဆက်လွှာတွေ၊ ပို့ စ်ကဒ်တွေ၊ ပို့  ကြ၊ရေးကြနဲ့ အလွန်ကြည်နူး ဘွယ်ကောင်းပါတယ်။ ကျွန်တော့စိတ်ထဲမှာ၊ မပျော်နိုင်တာ တစ်ခုက၊ Christmas ကို X’mas လို့ ရေးကြတဲ့ အကြောင်းလေးပါ။ ရေးကြတဲ့သူကိုအပြစ်တင်တာတော့ မဟုတ်ပါဘူး၊ ခံစားချက်လေးကို ဝေမျှတာပါ။ ငယ် ငယ်ကကျွန်တော်လဲ၊ ရေးခဲ့ဘူး ပါတယ်၊ အဲဒီတုံးကတော့၊ စာလုံးလေးအထူး အဆန်းဆိုပြီး ရေးခဲ့တာပါ။ အခုတော့မရေး တော့ပါဘူး၊ တမင်ကိုမရေးတော့တာပါ၊   ရေးရင်စိတ်ထဲမှာမပျော်လို့ ။ ကိုယ်မရေးလဲသူများတွေရေးနေတာမြင်ရတော့လဲ ဒီခံစားရချက်တွေပေါ်ပေါ် လါတယ်။ ဒါကြောင့်၊ ခံစားချက်လေးကိုဝေမျှလိုက်တာပါ။
Christmas ကို X’mas လို့ ရေးကြတဲ့သူများရဲ့ အကြောင်းရင်းကိုလေ့လါတော့၊ အမျိုးမျိုးတွေ့ ရပါတယ်။ ”အတိုကောက်” ရေးတာပါတဲ့၊ တချို့ က ”ဂရိစာမှာ Christ ကို Xp နဲ့ စလို့ ” Christmas=X’mas, Christian=Xtian=Xtianity” လို့  သုံးကြတာပါတဲ့၊ အမျိုးမျိုးပါဘဲ။ ကျွန်တော်ကသချာင်္မေဂျာယူခဲ့တော့၊ X ကိုမြင်ရင် ”မသိကိန်း”ဘဲခေါင်းထဲဝင်လါပါတယ်။ မသိတဲ့ကိန်း၊ မသိတဲ့သူ၊ မသိချင်တဲ့အရာ၊ မသိစေချင်တဲ့ အရာတွေကို၊ ကြက်ခြေခတ် (X) လို့ ရေးကြတယ်မဟုတ်လါး။ ၁၉၇၇ ခုနှစ်က အမေရိကန်နိုင်ငံ၊ နယူးဟမ်းရှိုင်းယားက၊ မြို့ တော်ဝန် Meldrim Thomson ပြောတာက၊ X’mas လို့  ရေးတာဟာ၊ ခရစ် ယာန်မဟုတ်သူတွေရေးတဲ့ခရစ်စမတ်ပါ၊ တဲ့။ မိတ်ဆွေတော့မသိဘူး၊ကျွန်တော်ကလက်ခံတယ်။
Christmas မှာခရစ်တော်ကိုဖျောက်ပြီး၊မသိကိန်း (ကြက်ခြေခတ်) ကိုထည့်သုံးခြင်းဟာ၊ခရစ်ယာန်များသုံး သင့်တဲ့ အက္ခရာ မဟုတ်ပါဘူး၊ Franklin Graham ပြောတာက၊ ”ဒါဟာ၊ခရစ်တော်ရဲ့ နာမတော်နဲ့ ဆိုင်တဲ့ စစ်ပွဲကြီးဖြစ်တယ်၊ ခရစ်ယာန် များရဲ့ အမြင့်မြတ်ဆုံးသောပွဲတော်မှာ၊ မြင့်မြတ်တဲ့ခရစ်တော်ရဲ့ နာမတော် ကိုဖျောက်ဖျက် အစားထိုး ပြစ်တာဖြစ်တယ်”။ ခရစ်တော်ယေရှု ဘုရားရဲ့ နာမတော်ကို၊ ”ခရစ်စမတ်မှာရော၊ ခရစ်ယာန်”မှာပါနှုတ်ယူ၊ အစားထိုးလို့ မရနိုင်ပါဘူး၊ မယုံကြည် သူများကိုတောင် ”ကျေးဇူးပြုပြီးမသုံးပါနဲ့ ” လိုပြောရမဲ့အစား ကိုယ်တိုင်က၊ခုံခုံမင်မင်သုံး နေကြခြင်းဟာမသင့် တော်ဘူးလို့ ၊ ခံစားမိတာပါ။
အခုခေတ်မှာ၊ခရစ်တော်ကိုအစားထိုးဖျောက်ဖျက်ခြင်းနဲ့ ခရစ်ယာန်များကိုတိုက်ခိုက်နေတဲ့အချိန် ဖြစ်တယ်။ Merry Christmas ကို Happy Holidays လို့ သုံးရမယ်၊နိပါတ်တော်စဉ်ပန်းချီကားအရုပ်များလူမြင်ကွင်း မှာမထားရဘူးလို့ ၊တချို့  အလုပ်တွေမှာ၊ စတိုးဆိုင် ကြီးတွေမှာ၊တချို့ ရုံးတွေမှာသတ်မှတ် လါကြတယ်။ ခရစ်တော် ကြောင့် စတိုးဆိုင် များ ကောင်းကြီး အကြီးအကျယ် ခံစားရပေမဲ့၊ ခရစ်တော်ရဲ့ နာမတော် ကိုတော် ဖျောက်ဖျက်ချင်ကြတယ်။ ၀မ်းနည်းစရာပါ။ ခရစ်တော် ကြောင့်၊ အပြစ်လွတ်ခြင်း၊ ငရဲမှလွတ် ခြင်း၊ ဘုရားရှင်ရဲ့ အမျက်တော်မှ လွတ်ခြင်း၊ ဆိုတဲ့ကယ်တင် တော်မူခြင်း ကျေးဇူး တော်ကိုခံစား ရပြီးမှ၊ ခရစ်တော်ရဲ့ နာမတော် ကိုဖျောက်ဖျက် အစားထိုးတဲ့၊ အရေးအသား တော့မပြုသင့်ပါဘူး။ ကြက်ခြေခတ် (X)ဟာခရစ်တော် နေရာယူ လါတာတွေ၊ ဆန်တာကလော့၊ ကခရစ်စမတ်မှာ၊ ခရစ်တော် ဘုရားထက် အရေးကြီး နေရာဝင်လါတာတွေ၊ ခရစ်တော် မပါတဲ့ခရစ်စမတ် ပါတီတွေ၊ဟာပျော်ကြ ပေမဲ့အနှစ်သာရ မပြည့်ဝကြပါဘူး။ http://en.wikipedia.org/wiki/Xmas မှာလဲဒီအကြောင်း ရေးထားတာတွေ့ ရတယ်၊ ပိုသိချင်ရင် သွားဖတ်ကြည့်ပါ။
ကျွန်တော်ရဲ့ ခံစားချက်ကိုဝေမျှလိုက်တာပါ။ ခံစားချက်ချင်းမတူညီ ဘူးဆိုရင်လည်းကိစ္စမရှိပါဘူး၊ တူညီတယ် ဆိုရင်တော့၊ ကယ်တင်ရှင် ယေရှုသခင်ရဲ့ နာမတော်အတွက်မားမားမတ်မတ်ရပ်တည်ရင်း အတူတိုက်ပွဲဝင်ဖို့ ၊မေတ္တာရပ်ခံပါတယ်။
မေတ္တာများဖြင့်၊
ခရစ်တော်၏မြတ်သောနာမတော်မြတ်၌
လတ်ယေရှဲ (ဒီဇင်ဘာ၊၂၀၁၀)
(မနှစ်တုံးကတင်ခဲ့ဘူးသောခရစ္စမတ်ခံစားချက်လေးကိုပြန်လည်တင်ပြခြင်းဖြစ်ပါသည်)
Thursday, October 20, 2011
ဆရာလတ်ရဲ့ "ဘော်ချီဘော" အနိုင်ဂိုး
အောက်တိုဘာလထဲမှာတော့ခါတိုင်းလိုဆုံနေကျ၊
ဘုရားကျောင်းမှာမဟုတ်ဘဲ၊အပြင်ထွက်အပမ်းဖြေ
အဲဒီနေ့ ကတော့၊အီတာလီယံအစားအသောက်များနဲ့ နေ့ လည်စာအတူ စားကြရင်း၊အသင်းတော်အကြောင်း၊ မိသားစုအကြောင်း၊ ဝေမျှပြောဆို ကြ၊ဆုတောင်းကြပါတယ်။ အတွေ့ အကြုံတွေဝေမျှရင်း၊ အတုယူစရာ၊ ခွန်အားယူစရာတွေလဲရရှိပါတယ်။ကျွန်တော် တို့ မြန်မာ အသင်း တော်  တွေ နဲ့ မတူညီတဲ့အရာတွေလဲရှိတာပေါ့။ ဆက်ကပ်ပြီး ဘုရားအမှုတော်မှာအား တက်သရောဆောင်ရွက်တာတော့၊ အတူတူ ဘဲပေါ့။ အဲဒီနေ့ ကထူးထူး ဆန်းဆန်းမကြားဘူးတဲ့၊ အီတလီကစားနည်း တခုကစားခဲ့ရတယ်။
BOCCE ဘော်ချီ-လို့ ခေါ်တယ်၊မကမားဘူးပေမဲ့၊နည်းပြကရှင်းပြလိုက်   
တော့၊ခဏလေးနဲ့ ကစားတတ်သွားတယ်။ ကျွန်တော်တို့ အဖွဲ့ က(၁၂)
ယောက်ဆိုတော့၊ (၃) ယောက်စီ၊ (၄) သင်းခွဲကစားကြတယ်။ ကြည့်ရ
ပျင်းဖို့ ကောင်းတယ်ထင်ခဲ့ပေမဲ့ကစားတော့အရမ်းပျော်ပြီး၊ သောကလေး
ပျောက်ကုန်တယ်။ကစားနည်းကတော့၊"ပလင်းနို" လို့ ခေါ်တဲ့၊ ငွေရောင်
ခဲဘောလေးကိုအရင်ပစ်လိုက်ပြီး၊ ပြိုင်တဲ့အဖွဲ့ များကတဦးစီ၊ မိမိတို့ ရွေး
ထားတဲ့အရောင်၊ဘောလုံးများနဲ့ ခုနကခဲဘောလေးဆီကို၊ ပစ်လိမ့်ရပါ တယ်။ပလင်းနိုနဲ့ အနီးဆုံးကိုလိမ့်နိုင်သူများက၊ ဘောတလုံးကိုတမှတ်ရ ပါတယ်။တကြိမ်မှာ၊ တဖွဲ့ ကိုဘော (၆)လုံးဆိုတော့၊ အများဆုံး (၆) မှတ်
ထိရနိုင်တာပေါ့။ (၁၅) မှတ်အရင်ပစ်နိုင်တဲ့အဖွဲ့ ကနိုင်ပါတယ်။
 အမှတ်တရလေးမို့ ကြွားလိုက်အုံးမယ်ခင်ဗျ၊ ပုံထဲမှာတွေ့ တယ်မဟုတ်
လါး၊ ကျွန်တော်ပစ်လိမ့်လိုက်တဲ့၊ အနီရောဘောလုံးဟာ၊ ပလင်းနို ဘော နဲ့ အနီးဆုံးကပ်သွားခဲ့ပြီး၊ တခြားတဖက်ကဘယ်သူမှ၊ မယှဉ်နိုင်တော့ဘဲ (၁၅) မှတ် (၁)မှတ်နဲ့ ကျွန်တော်တို့ အဖွဲ့ ကအပြတ်အသတ်နိုင်ခဲ့တယ်။
စိတ်ငြိမ်ဖို့ ၊လက်ဆမှန်ဖို့ ၊ အာရုံစိုက်ဖို့ ၊နဲ့ တည်ငြိမ်မှုတွေလိုတယ်ဆိုတာ ကစားရင်းသိခဲ့လို့ ၊ သင်ခန်းစာလဲရခဲ့ပါတယ်။ ငယ်ငယ်ကဒိုးပစ်တာ၊ သရေကွင်းပစ်တာများလို့ လက်ဆတွေကျန်သေးတာလဲဖြစ်နိုင်ပါတယ်။ စိတ်ဝင်စားရင်၊ သူတို့  website ထဲဝင်ကြည့်၊ လေ့လါကြည့်နိုင်ပါတယ်၊
http://www.campodibocce.com/LosGatos/index.html
အမှတ်တရ၊ အပျင်းလဲပြေ၊ ပညာလဲရစေဖို့ တင်လိုက်တာပါ။ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဆရာလတ်၊